မိတ်ဆွေတို့ပြောသော စကား

ချီးကျူးစကားများ

ကျွန်မတို့ Client များရဲ့ Feedback အချို့ကိုလဲ မျှဝေလိုက်ပါတယ်

"သားသားတို့ကို ချင်းမိုင်မှာ ကျောင်းထားဖို့ကို CMC နဲ့ တွေ့ပြီးမှ တကယ်ဆုံးဖြတ်ချက်ချဖြစ်တာပါ။ သေသေချာချာလေးစိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့အတွက် ကျေးဇူးအရမ်းတင်မိတယ်။ အစစအရာရာတွေဝေနေမိခဲ့ပင်မဲ့ CMC အဖွဲ့နဲ့ တွေ့မှ သားသားတို့ ရှေ့ရေးသေချာလေးစီစဉ်ဖြစ်ခဲ့တဲ့ အဖွဲ့သားအားလုံးကျေးဇူးပါ။ ချင်းမိုင်မှာ CMC လိုအဖွဲ့မျိုးရှိတာဟာ ကျွန်မတို့လိုမိဘတွေအတွက် အရမ်းအဆင်ပြေပါတယ်။ စိတ်အားရော လူအင်အားပါ အားထဲ့ထားတဲ့ CMC ဒီထက်မကအောင်မြင်ပါစေဆုတောင်းပေးလိုက်ပါတယ်။"

May Akynnar
May Akynnar
ကျောင်းသားမိဘ

"ကျေးဇူးအထူးပါ။ မအင်ကြင်းတို့နဲ့အတူ ကြိုလေ့လာထားခဲ့တော့ အပြောင်းအရွေ့လုပ်ရတာ ပိုလွယ်သွားပါတယ်။ ကျောင်းအပ်ရတာလဲ ချောချောမွေ့မွေ့ပြီးသွားတဲ့အတွက် ကျေးဇူးပါ။ "

Su Mon
Su Mon
ကျောင်းသားမိဘ

"ချင်းမိုင်မှာကျောင်းထားချင်တဲမေမေများရှင့် ချင်းမိုင်က ကျောင်းတွေကို information များများပေးနိုင်တဲ့page လေးတစ်ခုဖြစ်ပါတယ်ရှင့် စစရာရာကူညီပေးလိုအရမ်းကျေးဇူးတင်ပါတယ်ရှင့် ချိန်မရွေးဖုန်းဆက်စာပိုပြီးမေးလိုရပြီး ချက်ချင်းကို စားပြန်ပေးဖုန်းပြန်ခေါပေး ပြီးရှင်းပြပေးလိုလဲကျေးဇူးပါရှင့် recommended ပေးပါတယ်ရှင့်🥰"

Yee Nwe Hnaung
Yee Nwe Hnaung
ကျောင်းသားမိဘ

"ချင်းမိုင်မှာကလေးတွေ ကျောင်းထားဖို့ Chiang Mai Connection နဲ့ ဆက်သွယ်မိတာ အရမ်းမှန်ခဲ့တယ် ကိုယ်လိုချင်တာ ဖြစ်ချင်တာကို အကောင်းဆုံးစီစဉ်ပေးခဲ့တဲ့ Chiang Mai Connection နဲ့ ညီမလေးတွေကို အမြဲကျေးဇူးတင်နေပါတယ် 🥰"

Jasmine Wai
Jasmine Wai
ကျောင်းသားမိဘ

"ကလေးကျောင်းတက်ဖို့စပြီးplan ဆွဲမယ်ဆိုတော့ အသိတွေထဲမေးရင်လည်းသူတို့သိတဲ့ကျောင်းတွေလောက်ဘဲပြောတာဆိုတော့ ကိုယ်ကကျောင်းတွေအကုန်လိုက်ကြည့်ပြီးကိုယ့်စိတ်ကြိုက်ရွေးချင်တာဆိုတော့ Facebook မှာရှာကြည့်ရင်း cnx connection page လေးကိုတွေ့လို့ဝင်ကြည့်ရင်း သူတို့ရဲ့ package လေးကိုစုံစမ်းကြည့်လိုက်တော့ ကိုယ်လုပ်ချင်တာနဲ့ကွက်တိဘဲ အကုန်လုံးလဲစီစဉ်ပေးတယ်ဆိုတော့ ခရီးလဲထွက်ရင်းကျောင်းတွေလိုက်ကြည့်မယ်ဆိုပြီးရောက်ချလာတာ ကိုယ်ကံကောင်းသွားတာအဖွဲ့နဲ့မဟုတ်ဘဲကိုယ်တုန်းကတစ်ယောက်ထဲ cnx connection ကညီမလေးနဲ့လျှောက်ကြည့်ရတာဆိုတော့ တစ်ခြားလူကိုအားနာစရာမလိုဘဲစိတ်ကြိုက်လေ့လာလို့ရတာအရမ်းအဆင်ပြေခဲ့တယ် အဲ့ညီမလေးကလည်းအကုန်သေချာလိုက်ပြစောင့်ပေးတယ် သူတို့ package ကကျောင်းဘဲလိုက်ပြတာမဟုတ်ဘဲ ဘုရားတွေ မြန်မာဆိုင်တွေနဲ့တစ်ခြားကိုယ်သွားချင်တဲ့နေရာလေးပါပို့ပေးသေးတာ အရမ်းအဆင်ပြေခဲ့တယ် အဲ့ဒါကြောင့်အစကလာကြည့်တုန်းကနောက်နှစ်အတွက်စဉ်းစားပြီးလာလိုက်ပေမယ့် မပြန်ခင်ချက်ချင်းကျောင်းအပ်ဖြစ်သွားပြီးချက်ချင်းလုပ်စရာရှိတာပြန်လုပ်ရင်းဒီကိုရောက်ချလာလိုက်တာအခုဆို SBS ကျောင်းမှာသားသားလေးလဲပျော်နေပါပြီ အစကအဆင်မပြေဖြစ်တုန်းကလည်းမအင်ကြင်းက zoom နဲ့အားပေးစကားပြောပေးစဉ်းစားတိုင်ပင်ပေးသေးတာ အဲ့ဒါနဲ့ဘဲအခုတော့အကုန်အဆင်ပြေပြီးမေမေရောသားသားရောပျော်နေပါပြီ ကျေးဇူးပါ ချင်းမိုင် connection 😍😍Thank you 🥰"

Yu Yu Aung
Yu Yu Aung
ကျောင်းသားမိဘ

"ဖော်ရွေပြီး ကူညီပေးချင်စိတ်အပြည့်ရှိတဲ့ Team လေးပါ။"

Sandar Ma
Sandar Ma
ကျောင်းသားမိဘ

"ချင်းမိုင်မှာ ကလေးကျောင်းထားဖို့ ကျောင်းရှာချင်တာဖြစ်ဖြစ်၊ ငှား/ဝယ်ဖို့ အိမ်ရှာချင်တာ ဖြစ်ဖြစ် ဒီ page လေးကို ဆက်သွယ်လို့ရပါတယ်။ သိချင်တာလေးတွေရှိရင် 30min Zoom Counselling / In-per Counselling ဖြစ်ဖြစ် အလကား (FOC) လုပ်ပေးပါတယ်။ School Tours တွေအတွက်လည်း စီစဉ်ပေးပါတယ်။ Highly recommended 5/5🌟🥰"

Emerald Nway Oo
Emerald Nway Oo
ကျောင်းသားမိဘ

"စိတ်ရှည်ပြီး တကယ်စေတနာပါပါ ကူညီစီစဉ်ပေးပြီး scholarship % အများကြီးရခဲ့လို့ ကျေးဇူးအထူးတင်ရပါတယ် .. ငွေကြေးကိုအဓိကမထား၊ ပေးလို့ရတဲ့ ဝန်ဆောင်မှုကို အပြည့်အဝပေးလို့လည်း စေတနာကို အမြဲအမှတ်ရနေမှာပါ … ချင်းမိုင်မှာ ကျောင်းထားဖို့ ရွေ့ပြောင်းဖို့ စိတ်ကူးနေရင် တကယ်စိတ်ချရတဲ့ CMC ကို ချိတ်ဆက်ကြဖို့လည်း အကြံကောင်းပေးလိုပါတယ် .. စေတနာ ထားတဲ့ CMC ဒီထက်မက အောင်မြင်တိုးတက်ပြီး အများအကျိုး ပိုမိုသယ်ပိုးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ် .."

Mar Lar
Mar Lar
ကျောင်းသားမိဘ

"Good Review တွေအများကြီးရှိပြီးသားမို့ ယုံကြည်စိတ်ချရပြီး သားတွေအတွက်ကျောင်းရွေးချယ်နိုင်ခဲ့လို့ အစစအရာရာအဆင်ပြေခဲ့ရပါတယ် 👍🏻👍🏻👍🏻"

Gemini M A Y
Gemini M A Y
ကျောင်းသားမိဘ

"ကလေးအတွက် ကျောင်းစုံစမ်းတဲ့အချိန်မှာ အတော်အထောက်အကူဖြစ်ခဲ့ပါတယ်။ Online/In-person counselling တွေလည်းရှိတော့ ကိုယ်သိချင်တဲ့အရာတွေကို စိတ်တိုင်းကျ မေးလို့ရတာ အရမ်းအဆင်ပြေပါတယ်။"

Aung Htin Kyaw
Aung Htin Kyaw
ကျောင်းသားမိဘ

"ကလေးကျောင်းကိစ္စနဲ့ အိမ်ငှားကိစ္စတွေကို ကိုယ်တိုင်စိတ်ရှည်ရှည်ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် 🤍 ဝန်ဆောင်မှုကောင်းပြီး ပြောရဆိုရလည်းအရမ်းအဆင်ပြေတဲ့ page လေးပါ ✨"

Shwe Zin Myint
Shwe Zin Myint
ကျောင်းသားမိဘ

"သေချာလေး လိုက်ပို့ပေး ရှင်းပြကူညီပေးတဲ့ ညီမလေးစုပြည့်နှင့် Chiang Mai Connection team ကို ကျေးဇူးတင်ပါတယ်။ ကျောင်းတွေရော၊ အိမ်လေးတွေရော လေ့လာခွင့် ရခဲ့ပါတယ်။ ပျော်ရွှင်စရာ trip လေးဖြစ်ခဲ့ပါတယ်။"

နေမျိုးနိုင်
နေမျိုးနိုင်
ကျောင်းသားမိဘ

"သားသား ကျောင်းစတက်မယ်ဆိုပြီး စုံစမ်းခဲ့တဲ့ အချိန်ကစပြီး ကျောင်းမတက်ခင်ရော၊ အခုတက်နေတဲ့အချိန်တလျောက်လုံးပါ လိုအပ်တာရှိတိုင်း အချိန်မရွေး ကူညီပေးတဲ့ ဒီဂရုလေးကို အရမ်းကျေးဇူးတင်ပါတယ်ရှင် 💛 သားသားအတွက် စိတ်ချလက်ချ အားကိုးလို့ရတဲ့နေရာတစ်ခုလို ဖြစ်နေတာမို့ တကယ်တန်ဖိုးထားပါတယ်။"

သက်သက်ပိုင်
သက်သက်ပိုင်
ကျောင်းသားမိဘ

"အစစအရာရာ စိတ်ရှည်ပီး လိုက်ပြပေးသော CM-C ပါရှင် ခလေးကျောင်းအတွက် စုံစမ်းမယ်ဆို CM-C က အရမ်းအဆင်ပြေပါတယ် 🥰🥰"

ကေကေစံ
ကေကေစံ
ကျောင်းသားမိဘ

"Chiang Mai Connection - Education Services ကို တကယ် အပြည့်အဝ Recommend ပေးပါတယ်။ကလေးတွေအတွက် ကျောင်းလိုက်ကြည့်တာရော၊ ကျောင်းအပ်တဲ့အထိ ၂ ရက်လုံးလုံး စိတ်ရှည်လက်ရှည် အစစအရာရာ လိုက်လံကူညီပေးခဲ့လို့ အများကြီး ကျေးဇူးတင်ပါတယ်။ CMC Team မှ ညီမလေးရဲ့ ဝန်ဆောင်မှုနဲ့ ကူညီပေးမှုက တကယ်ကို နွေးထွေးပြီး အားကိုးရပါတယ်။ ချင်းမိုင်မှာ ကလေးတွေအတွက် ကျောင်းဆွေးနွေး အပ်နှံချင်တဲ့ မိဘတွေအတွက် စိတ်ချလက်ချ အကူအညီတောင်းနိုင်တဲ့ အကောင်းဆုံး Education Services တစ်ခုပါပဲ။ ⭐⭐⭐⭐⭐"

Myo Minn Kyaw
Myo Minn Kyaw
ကျောင်းသားမိဘ

"ကျောင်းပိုင်းဆိုင်ရာ၊ အိမ်ငှါးပိုင်းဆိုင်ရာ နှင့် school admission team နဲ့ သေချာလေးအဆင်ပြေအောင်လုပ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ ဘယ်အချိန်မဆို လိုအပ်လာရင်အကူအညီပေးပို့အမြဲ အသင့်ရှိတဲ့ဒီ team လေးကိုကျေးဇူးတင်ရပါတယ်ရှင်။"

Moe San
Moe San
ကျောင်းသားမိဘ