ကူညီရေးဗဟိုဌာန

မေးလေ့ရှိသော မေးခွန်းများ

ပညာရေးအတွက် နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့ခြင်းသည် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကျွန်မတို့ နားလည်သည်

ကလေးရဲ့ ရွေးချယ်တဲ့ ကျောင်းရဲ့ Scholarship အခွင့်အရေးအပေါ်မူတည်ပြီး Academic, Music, Sports, Arts , Humanitarian Scholarship အစရှိသဖြင့် လျှောက်ထားလို့ရနိုင်ပါတယ် တချို့ကျောင်းတွေမှာတော့ အတန်းအရွယ် ကန့်သတ်ချက်ရှိပါတယ်
ဟုတ်ကဲ့ ကလေးအတွက် ကျောင်းသား Visa ရပါတယ် .. ကလေးတစ်ဦးကျောင်းထားရင် မိဘတစ်ဦးကလဲ အုပ်ထိန်းသူ Visa ရပါတယ်
Bilingual ကျောင်းတွေက May လ မှာ ကျောင်းဖွင့်ပြီး International School တွေက August လမှာ ဖွင့်ကြပါတယ် ကျောင်းအပ်ခြင်းနဲ့ Visa နဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေ ပြင်ဆင်ဖို့ အနည်းဆုံး ၂ လဝန်းကျင်လောက် ကျောင်းကြိုအပ်တာ စိတ်ချရပါတယ်ရှင်
ကလေးရဲ့ တက်ရောက်မယ့် အတန်း၊ ရွေးချယ်တဲ့ ကျောင်းအပေါ် မူတည်ပြီး ကျောင်းစရိတ်တွေက ကွာခြားနိုင်ပါတယ် ကျွန်မတို့ Network ထဲမှာတော့ တစ်နှစ်စာ ဘတ် ၂ သိန်း ဝန်းကျင်ကနေစပြီး ရွေးချယ်လို့ရပါတယ်ရှင်
ဟုတ်ကဲ့ .. ကျောင်းအများစုမှာ ကျောင်းစရိတ်ကို semester အလိုက် ၂ ကြိမ်ခွဲသွင်းလို့ရပါတယ် .. Term အလိုက် ၄ ကြိမ်ထိ ခွဲသွင်းလို့ရတဲ့ ကျောင်းတွေလဲရှိပါတယ် တစ်နှစ်စာလုံး တခါထဲ သွင်းရင် Discount အချို့လဲ ရနိုင်ပါတယ်
ကျွန်မတို့ Chiang Mai Connection Network ထဲမှာရှိတဲ့ကျောင်းတွေထဲမှာတော့ English လိုပဲ ကလေးတွေက Communicate လုပ်ရပါတယ် ထိုင်းက ဖွင့်ထားတဲ့ကျောင်းတွေမို့ မဖြစ်မနေထိုင်းစာ 10% လောက်ကို သင်ပေးရတာမျိုးတော့ရှိပါတယ် ဒါပေမဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် ထိုင်းစာသင်ရတာမျိုးမဟုတ်ပဲ Level အလိုက်သင်ရတာမျိုးဖြစ်လို့ ကလေးတိုင်းလိုလို ထိုင်းစာသင်ရတာမှာ အခက်အခဲမရှိ အဆင်ပြေကြပါတယ်ရှင်